Event

အသင်းတည်ထောင်သည့်နှစ်(၁၀၀)ပြည့် အခမ်းအနားနှင့်(၄၅)ကြိမ်မြောက် သက်ကြီးပူဇော်ပွဲ

ခေတ္တရာအသင်း(ရန်ကုန်)
(ပြည်၊ ပေါက်ခေါင်း၊ ပန်းတောင်း၊ ပေါင်းတည်၊ ရွှေတောင်၊ သဲကုန်း)
အသင်းတည်ထောင်သည့်နှစ်(၁၀၀)ပြည့် အခမ်းအနားနှင့်(၄၅)ကြိမ်မြောက်
သက်ကြီးပူဇော်ပွဲ၊ ပညာရည်ချွန်ဆုပေးပွဲနှင့်နှစ်ပတ်လည်အစည်းအဝေးအခမ်းအနားဖိတ်ကြားခြင်း

အထက်ဖော်ပြပါ အခမ်းအနားများကို အောက်ပါအစီအစဉ်များအတိုင်းကျင်းပပြုလပ်မည်ဖြစ်ပါသည်။ အသက်(၇၅)နှစ်နှင့်အထက် ရာသက်ပန်အသင်းဝင်ကန်တော့ခံပုဂ္ဂိုလ်များတက်ရောက်ချီးမြှင့်ပေးပါရန်နှင့် ရာသက်ပန်အသင်းဝင်များ၏ သားသမီးများထဲမှ ၂၀၁၈၀ခုနှစ်၊ တက္ကသိုလ်ဝင်းတန်း စာမေးပွဲ၌ ဂုဏ်ထူးရရှိမှုကို အမှတ်စားရင်း အထောက်အထားဖြင့် (၃၁-၁-၂၀၁၉)နေ့နောက်ဆုံးထား စာရင်းပေးသွင်းကြပါရန်နှင့် ကြုံတောင့်ကြုံခဲ အသင်းရာပြည့်အခမ်းအနားသို့ ကြွရောက်ချီးမြှင့်ကြပါ နယ်သူနယ်သားများအား လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

အစီအစဉ်
သက်ကြီးပူဇော်ပွဲ၊ ပညာရည်ချွန်ဆုပေးပွဲ၊ နှစ်ပတ်လည်ပွဲ
ကျင်းပမည့်အချိန် – နံနက်(၉)နာရီ
ကျင်းပမည့်နေ့ရက် – ၂၃-၂-၂၀၁၉ (စနေနေ့)
ကျင်းပမည့်နေရာ – ခေတ္တရာအသင်းဓမ္မာရုံ၊ ရွှေတိဂုံစေတီတော် အရှ့ဘက်စောင်းတန်း၊ ဓါတ်လှေကားဝင်း(နေ့လည်စာဖြင့်ဧည့်ခံပါမည်)

အသင်းရာပြည့်ပွဲအခမ်းအနား
ကျင်းမမည့်အချိန် – နေ့လည် (၂)နာရီ
ကျင်းပမည့်နေ့ရက် – ၂၄-၂-၂၀၁၉(တနင်္ဂနွေနေ့)
ကျင်းပမည့်နေရာ – ခေတ္တရာအသင်းဓမ္မာရုံ၊ ရွှေတိဂုံစေတီတော် အရှ့ဘက်စောင်းတန်း၊ ဓါတ်လှေကားဝင်း(ပြည်ပလာတာ၊ ရွှေတောင်ခေါက်ဆွဲ၊ ပန်းတောင်းထမင်းသုတ်၊ ပေါက်ခေါင်း စိန်ပန်းသုတ်၊ သဲကုန်းမြန်မာမုန့်မျိုးစုံ၊ ပေါင်းတည်ရေမုန့်တို့ဖြင့် ဧည့်ခံသွားရန် စီစဉ်ထားပါသည်။)

အလုပ်အမှုဆောင်အဖွဲ့
၀၉-၄၃၀၀၆၂၃၂၊ ၀၉-၄၅၀၀၆၃၆၃၇
၀၉-၇၃၁၆၆၄၅၆၊ ၀၉-၂၅၄၄၂၉၉၆၈၇