Event

သက်ကြီးပူဇော်ပွဲ၊ ပညာရည်ချွန်ဆုပေးပွဲနှင့်နှစ်ပတ်လည်ပွဲ

ခေတ္တရာအသင်း(ရန်ကုန်)
(ပြည်၊ ပေါက်ခေါင်း၊ ပန်းတောင်း၊ ပေါင်းတည်၊ ရွှေတောင်၊ သဲကုန်း)
နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်ပွဲ
သက်ကြီးပူဇော်ပွဲ၊ ပညာရည်ချွန်ဆုပေးပွဲနှင့်နှစ်ပတ်လည်ပွဲ

အသင်းတည်ထောင်မှု နှစ်(၁၀၀၀)ပြည့် အထိမ်းအမှတ် အခမ်းအနားကို နှစ်စဉ်ပြုလုပ်နေကျ သက်ကြီးပူဇော်ပွဲ၊ ပညာရည်ချွန်ဆုပေးပွဲ၊ နှစ်ပတ်လည်ပွဲများနှင့်အတူ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအတွင်းတွင် အသင်းတည်ရှိရာ ခေတ္တရာအသင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်သွားရန် စီစဉ်ထားပါသည်။ အထိမ်းအမှတ်အဖြစ် ရာပြည့်ပြက္ခဒိန်ထုတ်ဝေပြီးဖြစ်သလို ရာပြည့်မဂ္ဂဇင်း မကြာမီထွက်ရှိမည်ဖြစ်ပြီး အထိန်းအမှတ်ပစ္စည်းများလည်း ပေးအပ်သွားနိုင်ရန်နှင့် အခမ်းအနားတွင်ဒေသအစားအစာများဖြစ်သည့် ပြည်ပလာတာ၊ ရွှေတောင်ခေါက်ဆွဲ၊ ပန်းတောင်းထမင်းသုတ်၊ ပေါက်ခေါင်း စိန်ပန်းသုတ်၊ သဲကုန်းမြန်မာမုန့်မျိုးစုံ၊ ပေါင်းတည်ရေမုန့်တို့ဖြင့် ဧည့်ခံသွားရန် စီစဉ်ထားပါသည်။ အစီအစဉ်အသေးစိတ်ကို ဆက်လက်ကြေညာသွားမည်ဖြစ်ပြီး ရန်ပုံငွေထည့်ဝင်လှူဒါန်းလိုပါကအောက်ဖော်ပြပါပုဂ္ဂိုလ်များထံ ဆက်သွယ်နိုင်ပါကြောင်းနှင့် ဒေသကိုချစ်သော နယ်သူနယ်သားများတတ်ရောက်ချီးမြှင့်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

ဦးရဲထွဋ်ဝင်း ဖုန်း-၀၉၅၁၉၇၅၃၁
ဦးသက်ဦးမောင် ဖုန်း-၀၉၅၁၇၈၄၁၀
ဒေါ်စုစုလွင် ဖုန်း-၀၉၄၅၀၀၆၃၆၃၇
ဦးမျိုးအောင် ဖုန်း-၀၉၇၃၁၆၆၄၅၆
ဦးမောင်မောင်ကြည် ဖုန်း-၀၉၇၇၂၂၇၃၇၃
ဒေါ်ဆွေဆွေအောင် ဖုန်း-၀၉၂၆၄၄၂၉၉၆၇
ဒေါ်ဥမ္မာသန်း ဖုန်း-၀၉၅၀၀၄၂၃၁
ကာတွန်း ကိုရွှေထူး ဖုန်း-၀၉၅၀၁၆၈၇၆
ဦးသိန်းနိုင် ဖုန်း-၀၉၅၀၇၁၀၂၇